၂၀၀၂ ဘာလီဗုံးခွဲတိုက်ခိုက်မှုနှင့် ဆက်နွှယ်နေသည့် ဘာသာရေးခေါင်းဆောင်အား ပြန်လွှတ်ပေးမည့် အစီအစဉ်ကို အင်ဒိုနီးရှားအစိုးရ ဖျက်သိမ်း

၂၀၀၂ ဘာလီဗုံးခွဲတိုက်ခိုက်မှုနှင့် ဆက်နွှယ်နေသည့် ဘာသာရေးခေါင်းဆောင်အား ပြန်လွှတ်ပေးမည့် အစီအစဉ်ကို အင်ဒိုနီးရှားအစိုးရ ဖျက်သိမ်း
Published 24 January 2019

အင်ဒိုနီးရှားအစိုးရဟာလူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရတဲ့ ၂၀၀၂ ခုနှစ်၊ ဘာလီဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ဆက်နွှယ်နေတဲ့ အစွန်းရောက် အစ္စလာမ်ဘာသာရေးခေါင်းဆောင် အဘူဘေကာဘာရှားကို စောစီးစွာ ပြန်လွှတ်ပေးမယ့် အစီအစဉ်ကို ဖျက်သိမ်းကြောင်း သမ္မတအိမ်တော်က ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။