မိုးရွာသွန်းမှု များနေခြင်းနှင့် ဒီရေတက်ချိန် တိုက်ဆိုင်နေခြင်းကြောင့် ကမ်းရိုးတန်းဒေသများနှင့် မွန်၊ ကရင်၊ ရခိုင်ပြည်နယ်တို့တွင် ရေကြီးမှုများ ဆက်ဖြစ်နိုင်
မုတ်သုံလေအားကောင်းနေပြီး မိုးရွာသွန်းမှု များနေခြင်းနဲ့ ဒီရေတက်ချိန်တိုက်ဆိုင်နေတာတွေကြောင့် ကမ်းရိုးတန်းဒေသတွေနဲ့ မွန်၊ကရင်၊ရခိုင်ပြည်နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။