တာလီဘန်တို့၏ အသာရမှုသည် အာဖဂန် အစိုးရအတွက် စိုးရိမ်ဖွယ် အကျပ်အတည်းကိုဖြစ်စေသည်ဟု အမေရိကန် စောင့်ကြည့်လေ့လာရေးအဖွဲ့ဆို
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်နှင့် တာလီဘန် အကြမ်းဖက်အုပ်စုအကြား သဘောတူညီမှု ရရှိခဲ့ပြီးနောက်ပိုင်း တာလီဘန်တို့သည် တိုက်ခိုက်မှုများကို နှစ်ဆတိုး လုပ်ဆောင်လာခဲ့သဖြင့် အာဖဂန် အစိုးရသည် စိုးရိမ်ဖွယ် အကျပ်အတည်းနှင့် ရင်ဆိုင်နေရဟု စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ဖွဲ့က ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ ဖော်ပြထားပါတယ်။