မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည် ဖော်ဆောင်လာအောင် တိုက်တွန်းပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အမေရိကန် တောင်းဆို
ဇူလိုင် ၂၉ ရက်က အွန်လိုင်းမှ ကျင်းပခဲ့တဲ့ မြန်မာ့အရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလွတ်သဘောဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ဖော်ဆောင်လာစေရန် တပ်မတော်ကို တိုက်တွန်းပေးဖို့ အမေရိကန်ဒုတိယသံအမတ် Jeffrey DeLaurentis က လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ပါတယ်။