မူဆယ်မြို့ရှိ ပြည်သူ့စစ်များ နေထိုင်သည့် နေအိမ်အား အမည်မသိ လက်နက်ကိုင်များက လာရောက် ပစ်ခတ်ရာမှ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်အချို့ ထိခိုက်ပျက်စီး
တရုတ် မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ မန့်မန်ရပ်နှင့် ပန်လုံရပ်ကြားရှိ ပြည်သူ့စစ်အိမ်နှစ်လုံးကို အမည်မသိ လက်နက်ကိုင်တစ်စုက ယမန်နေ့ (ဇူလိုင် ၃၀ ရက်) ည ၇ နာရီ ၄၀ မိနစ် ခန့်က လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရပါတယ်။