ပလိပ် ပန်ဒါချည်မျှင်၊ အထည်နှင့် အချောကိုင်စက်ရုံမှ အလုပ်ရပ်နားခံထားရသော အလုပ်သမားများ ဇန်နဝါရီ ၂၅ ရက် နောက်ဆုံးထားလျှောက်ထားရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အကြောင်းကြား
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်ရှိ ပန်ဒါ ချည်မျှင်၊အထည်နှင့်အချောကိုင်စက်ရုံ(ပလိပ်)မှ အ လုပ်ရပ်နားခံထားရသူ အလုပ်သမား ၂၀၃ ဦးဟာ အလုပ်ပြန်လည်ဝင်ရောက်လုပ်ကိုင်လိုပါက ဇန်နဝါရီ ၂၅ ရက် နောက်ဆုံးထားပြီး ပြန်လည် လျှောက်ထားကြရမယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံ ဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောပါတယ်။