လားရှိုးမြို့တွင် ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားသည့် ဈေးများကို နှစ်ရက်ကြာပြီးနောက် ယာယီ ပြန်ပိတ်
ရှမ်းပြည်နယ် လားရှိုးမြို့မှာ ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားတဲ့ ဈေးတွေကို ကိုဗစ်ရောဂါပိုး ကူးစက်မှု လျှော့ချနိုင်ဖို့အတွက် ဩဂုတ် ၃ ရက်မှ စတင်ကာ ယာယီ ပြန်ပိတ်သွားမယ်လို့ သိရပါတယ်။