ကိုဗစ်ကာကွယ်ကုသရေး ဆောင်ရွက်နေသူများကို နှောင့်ယှက် တိုက်ခိုက်သူများအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအပြင် သက်ဆိုင်ရာ ဥပဒေများနှင့်ပါ အရေးယူမည်ဟု ထုတ်ပြန်
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်နေသူတွေအပေါ် နှောင့်ယှက်သူတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအပြင် သက်ဆိုင်ရာ ဥပဒေတွေနဲ့ပါ တရားစွဲဆိုပြီး အရေးယူသွားမယ်လို့ သြဂုတ် ၂ ရက် ညပိုင်း MRTV သတင်းအစီအစဉ်မှာ ထည့်သွင်း ကြေညာခဲ့ပါတယ်။