သြဂုတ်၂ မှ ၈ရက်အထိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှပုံမှန်အတိုင်းပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်မည်

သြဂုတ်၂ မှ ၈ရက်အထိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှပုံမှန်အတိုင်းပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်မည်
Published 3 August 2021

အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ထားတဲ့ သြဂုတ် ၂ ရက် မှ ၈ ရက်အထိ ရုံးပိတ်ရက်တွေမှာ နယ်စပ် ကုန်သွယ် ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး COVID-19 ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်း မှုများကို သက်ဆိုင်ရာဌာနများနဲ့ ညှိနှှိုင်းထားတဲ့ SOP များနှင့်အညီ ဦးစားပေး တင်သွင်း ခွင့်ပြုပေးမှာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။