အာဆီယံနှင့် ပြုလုပ်မည့် အစည်းအဝေးများတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနှင့် တောင်တရုတ်ပင်လယ်အရေး ဆွေးနွေးမည်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ ယခုတစ်ပတ်ထဲ ပြုလုပ်မယ့် အာဆီယံနဲ့ ဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ တောင်တရုတ်ပင်လယ်အရေး၊ မြန်မာ့အရေးနဲ့ COVID-19 ကပ်ရောဂါအရေးတွေကို ထည့်သွင်း ဆွေးနွေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်က သြဂုတ် ၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ထားပါတယ်။