မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံ ခန့်အပ်
အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဘရူနိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အီရီဝမ် ယူဆော့ဖ် ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်ခဲ့ကြောင်း သံတမန် သတင်းရင်းမြစ် လေးဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။