ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ပူးပေါင်းကြံစည်မှုဖြင့် မြန်မာနိုင်ငံသားနှစ်ဦး အမေရိကန်တွင် ဖမ်းဆီးခံရ
ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရအောင် လုပ်ဆောင်ဖို့ ပူးပေါင်း ကြံစည်မှုနဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို အမေရိကန်အာဏာပိုင်တွေက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။