သြဂုတ်လ ၁၄ ရက်နေ့ ညပိုင်းသတင်းအစီအစဉ်
■ ဈေးကွက်အတွင်း Online မှတဆင့်၊ အခြားနည်းလမ်းဖြင့် ရောင်းချနေသည့် ကာကွယ်ဆေးများသည် တရားဝင်တင်သွင်းလာခြင်း မဟုတ်သဖြင့် ဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြင်းကြောင့် တရားဝင်အသိအမှတ်ပြုထားသော ကာကွယ်ဆေးများကိုသာ ထုံးနှံကြရန်တိုက်တွန်း
■ ကချင်ပြည်နယ် အတွင်းထူးခြားဖြစ်စဉ် အနေဖြင့် တစ်ပတ်အတွင်း မိုးရေချိန် ၁၄ လက်မ ရွာသွန်းခဲ့ပြီး မြေပြိုခြင်း၊ တောင်ကျရေကြီးခြင်းများ ဖြစ်ပေါ်
■ ဖိလစ်ပိုင်တွင် ကိုဗစ်ကူးစက်မှုများ သိသိသာသာ မြင့်တက်လာခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုစနစ်အပေါ် အကြီးအကျယ် ဖိအားသက်ရောက်လာ
■ ထိုးစစ်ဆင်မှုများကို ချက်ချင်းရပ်တန့်ရန် တာလီဘန်အုပ်စုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်း
■ အင်္ဂလန်အနောက်တောင်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ရာ သေနတ်သမားအပါ ခြောက်ဦးသေဆုံး
■ ဆန်ချိုက မန်ချက်စတာယူနိုက်တက်ကို တိုးတက်စေမည့်သူဟု ဆိုးလ်ရှား ချီးကျူး