မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန် ဂျပန် နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်သဘောတူ
ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းကို အဖြေရှာနိုင်ရေး အတွက် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်တို့ သဘောတူညီခဲ့ကြတယ်လို့ ကျိုဒိုသတင်းမှာ ဖော်ပြထားပါတယ်။