အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တို့ မြန်မာ့အရေး ဆွေးနွေး

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တို့ မြန်မာ့အရေး ဆွေးနွေး
Published 17 August 2021

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျေရှန်ကာ ဟာ ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒါတူဟာဂျီ အယ်ရီဝမ်နဲ့ သြဂုတ် ၁၄ ရက်က မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်တဲ့ ရှုထောင့်အမြင်တွေကို ဆွေးနွေးဖလှယ်ခဲ့တယ်လို့ အိန္ဒိယသတင်းဌာနတွေက ဖော်ပြကြပါတယ်။ မစ္စတာအယ်ရီဝမ်ဟာ မြန်မာနိုင်ငံအတွက် အာဆီယံက ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။