COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၃၀၆ ဦး တွေ့ရှိပြီး ၁၇၈ ဦး ထပ်မံသေဆုံးသဖြင့် သေဆုံးသူ စုစုပေါင်း ၁၃၆၂၃ ဦး ရှိလာ

COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၃၀၆ ဦး တွေ့ရှိပြီး ၁၇၈ ဦး ထပ်မံသေဆုံးသဖြင့် သေဆုံးသူ စုစုပေါင်း ၁၃၆၂၃ ဦး ရှိလာ
Published 17 August 2021

သြဂုတ် ၁၆ ရက် ည ၈ နာရီမှ သြဂုတ် ၁၇ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃၄၂၂ ခုအား စစ်ဆေးရာတွင် ဓာတ်ခွဲ အတည်ပြုလူနာသစ် ၃၃၀၆ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၇၈ ဦး ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သြဂုတ် ၁၇ ရက် ညပိုင်း သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။