ဟေတီငလျင်ကြောင့် သေဆုံးသူ ၂ထောင်နီးပါး ရှိလာပြီး စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု အပူတပြင်း လိုအပ်

ဟေတီငလျင်ကြောင့် သေဆုံးသူ ၂ထောင်နီးပါး ရှိလာပြီး စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု အပူတပြင်း လိုအပ်
Published 18 August 2021

ပြင်းအား ၇.၂ မဂ္ဂနီကျုဒ်ရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်သွားခဲ့တဲ့ ဟေတီနိုင်ငံမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၂၀၀၀ နီးပါး ရှိလာပြီဖြစ်ကာ အသက်ရှင် ကျန်ရစ်သူတွေဟာလည်း အစားအစာ၊ နေထိုင်စရာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။