မူဆယ်မြို့တွင်မိုးအဆက်မပြတ်ရွာမှုကြောင့်စစ်ဘေးရှောင်စခန်းများ ရေလွှမ်းခံခဲ့ရ

မူဆယ်မြို့တွင်မိုးအဆက်မပြတ်ရွာမှုကြောင့်စစ်ဘေးရှောင်စခန်းများ ရေလွှမ်းခံခဲ့ရ
Published 20 August 2021

မူဆယ်မြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ မြို့တွင်းရပ်ကွက်၊ကျေးရွာလမ်းများပျက်စီးခြင်းနှင့်စစ်ဘေး ရှောင်စခန်းများ ရေလွှမ်းခံခဲ့ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်နဲ့ တရုတ် - မြန်မာနယ်စပ် ကြူကုတ် (ပန်ဆိုင်း) က စစ်ရှောင်စခန်းတည်ရှိရာ‌နေရာတွေမှာ တစ်ပတ်ခန့် မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် ဩဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်းက မြေပြိုတာ၊ မြို့တွင်း ရပ်ကွက်၊ ကျေးရွာလမ်းတွေ ပျက်စီးတာနဲ့ ရေလွှမ်းတာတွေ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။