Sinopharm နှင့် Sinovac သည် ၁၈ နှစ်မှ အသက် ၆၀ အထိသာ ထိုးနှံနိုင်ဟုဆိုခြင်းမှာမဟုတ်ဘဲ အသက် ၁၈ နှစ်အထက် မည်သူမဆို ထိုးနှံနိုင်
COVID – 19 ရောဂါကာကွယ်ဆေးတွေဖြစ်တဲ့ Sinopharm နဲ့ Sinovac တို့ဟာ အသက် ၁၈ နှစ်ကနေ အသက် ၆၀ အထိသာ ကာကွယ်နိုင်၊ ထိုးနှံနိုင်တယ်လို့ ပြောဆိုနေကြတာဟာ မဟုတ်မှန်ဘဲ အသက် ၁၈ နှစ်အထက် မည်သူမဆို ထိုးနှံနိုင် ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက နိုင်ငံပိုင်သတင်းစာကို ဖြေကြားထားချက်တွေအရ သိရပါတယ်။