တရုတ်နိုင်ငံ ရွှေလီမြို့တွင် COVID-19 ကာလရက်ရှည် Lock Down ချထားစဉ်အတွင်း အလုပ်အကိုင် အခက်အခဲဖြစ်နေသော မြန်မာရွှေ့ပြောင်းလုပ်သား ၅၃၀၀ ကျော် ပြန်လည်ဝင်ရောက်လာ
တရုတ်နိုင်ငံ ရွှေလီမြို့ COVID-19 ကပ်ရောဂါကာလ ရက်ရှည် Lock Down ချထားစဉ် အတွင်း ဇူလိုင်လ ၂၆ ရက်မှ ဩဂုတ် ၂၁ ရက်နေအထိ အလုပ်အကိုင်အခက်အခဲဖြစ်နေသော မြန်မာရွှေ့ပြောင်းလုပ်သား ၅၃၃၅ ဦး မူဆယ်မြို့ နှစ်နိုင်ငံပြည်ဝင်ပြည်ထွက် စစ်ရေးဂိတ် နန်းတော်ဂိတ်မှ တရားဝင် ပြန်လည်ဝင်ရောက်လာ ခဲ့ကြောင်း သိရသည်။