သြဂုတ်လ တတိယပတ်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး နေပြည်တော် ၊ စစ်ကိုင်း ၊ မန္တလေး ၊ မကွေးနှင့် ပဲခူးတိုင်းတို့တွင် ငါးရက်မှ ခုနှစ်ရက်ခန့် မိုးထစ်ချုန်းရွာနိုင်
သြဂုတ် တတိယပတ်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး နေပြည်တော် ၊ စစ်ကိုင်း ၊ မန္တလေး ၊ မကွေးနှင့် ပဲခူးတိုင်းတို့တွင် ငါးရက်မှ ခုနှစ်ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သြဂုတ် ၂၁ ရက်မှာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။