စပိန်ရှိ စစ်အခြေစိုက်စခန်း နှစ်ခုကို အာဖဂန် ဒုက္ခသည်များအတွက် ယာယီအသုံးပြုရန် အမေရိကန်နှင့် စပိန် သဘောတူညီ
စပိန်နိုင်ငံ တောင်ပိုင်းက စစ်အခြေစိုက်စခန်း နှစ်ခုမှာ အမေရိကန်အစိုးရအတွက် အလုပ်လုပ်ပေးခဲ့တဲ့ အာဖဂန်နိုင်ငံသားတွေကို လက်ခံထားရှိဖို့အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်တို့အကြား သဘောတူညီခဲ့တယ်လို့ သိရပါတယ်။