အိုလံပစ်ပြိုင်ပွဲ ကျင်းပသည့် နေရာအချို့အား ကိုဗစ်ကုသ နေရာများအဖြစ် ယာယီ အသုံးပြုရန် တိုကျိုမြို့ အာဏာပိုင်များ ချိန်ဆနေ
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေတာကြောင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်အပေါ် ဝန်ပိလာပြီးနောက် အဲဒီမြို့မှာရှိတဲ့ အိုလံပစ်ပြိုင်ပွဲနဲ့ မသန်စွမ်း အိုလံပစ်ပြိုင်ပွဲ ကျင်းပရာ နေရာတချို့ကို ဆေးကုသမှုပေးတဲ့ အဆောက်အအုံတွေအဖြစ် ယာယီအသုံးပြုဖို့ အာဏာပိုင်တွေက ချိန်ဆနေတယ်လို့ သိရပါတယ်။