သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ဒေါက်တာမျိုးအောင်တို့နှင့် တွေ့ဆုံခွင့်ရရှိရန် သက်ဆိုင်ရာထံ ရှေ့နေအဖွဲ့တင်ပြတောင်းဆိုမည်
သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တို့နဲ့ တွေ့ဆုံခွင့်ရရှိဖို့ သက်ဆိုင်ရာထံ တောင်းဆိုသွားမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။