မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းကကူညီရမည်ဟုစင်ကာပူခရီးစဉ်တွင် အမေရိကန်ဒုသမ္မတ ပြောကြား
သြဂုတ် ၂၂ ရက်နေ့မှာ စင်ကာပူကို ရောက်ရှိလာခဲ့တဲ့ အမေရိကန်ဒုတိယသမ္မတ ကာမလာ ဟားရစ်ဟာ သြဂုတ် ၂၃ ရက်မှာ စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းနဲ့ ပူးတွဲပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထည့်သွင်း ပြောဆိုသွားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။