မရမ်းကုန်းမြို့နယ်သမိုင်းမြို့သစ် (၁) ရပ်ကွက်တွင်ဝင်ရောက်ရှာဖွေရာမှအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ လေးဦးဖမ်းဆီးခံရ
မရမ်းကုန်းမြို့နယ်၊သမိုင်းမြို့သစ်(၁)ရပ်ကွက်၊ပိတောက်ရွှေဝါလမ်းမှာ ဩဂုတ် ၂၃ ရက်မနက် ၉ နာရီခန့်က တိုက်တစ်လုံးသို့ ဝင်ရောက်ရှာဖွေရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ လေးဦးဖမ်းဆီးခံရကြောင်း အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။