တရုတ်နိုင်ငံတွင် အခက်အခဲဖြစ်နေသည့် မြန်မာနိုင်ငံသားအချို့ မူဆယ် နန်းတော်စစ်ဆေးရေးဂိတ်မှ ပြန်လည် ဝင်ရောက်ခွင့်ရ

တရုတ်နိုင်ငံတွင် အခက်အခဲဖြစ်နေသည့် မြန်မာနိုင်ငံသားအချို့ မူဆယ် နန်းတော်စစ်ဆေးရေးဂိတ်မှ ပြန်လည် ဝင်ရောက်ခွင့်ရ
Published 24 August 2021

တရုတ်နိုင်ငံ ဂျယ်ဂေါင်မြို့နှင့် ရွှေလီမြို့တို့မှာ Lockdown ချထားစဉ် ကာလအတွင်း အခက်အခဲဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံသား ၄၉၇ ဦးဟာ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ်ကနေ ဩဂုတ် ၂၃ ရက် မနက်မှာ ပြန်လည် ဝင်ရောက်ခွင့်ရခဲ့ကြတယ်လို့ သိရပါတယ်။