မိုးကုတ်မြို့ အနောက်ပိုင်း အောင်သစ်လွင်ရပ်တွင် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅ဦးအလောင်းရှာဖွေတွေ့ရှိထား၊ ပျောက်ဆုံးသူများလည်းရှိနေသေးဟုဆို
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အနောက်ပိုင်း အောင်သစ်လွင်ရပ်ကွက်မှာ သြဂုတ်လ ၂၄ ရက်နေ့၊ နံနက် ၆ နာရီ ၂၅ မိနစ်ခန့် အချိန်က မြေပြိုမှု ဖြစ်ပွားခဲ့တာကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။