လာအိုနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀၀ ကျော်တွင် ၁၉၆ ဦး COVID ပိုးတွေ့ရှိ

လာအိုနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀၀ ကျော်တွင် ၁၉၆ ဦး COVID ပိုးတွေ့ရှိ
Published 25 August 2021

ဇူလိုင်လ ၃၀ ရက်နေ့မှ ဩဂုတ်လ ၂၄ ရက်နေ့အထိ ၂၆ ရက်အတွင်း ၈ ကြိမ်ခွဲကာ လာအိုနိုင်ငံ မိုင်းမော့ဆိပ်ကမ်းမှတစ်ဆင့် တာချီလိတ်မြို့ကို မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၂၁၃၂ ဦး ပြန်လည်ဝင်ရောက်လာခဲ့ပြီး ၎င်းတို့ထဲမှ ၁၉၆ ဦး COVID ပိုး တွေ့ရှိထားကြောင်းသိရပါတယ်။