အိန္ဒိယတွင် တစ်ရက်အတွင်း ကိုဗစ်ကာကွယ်ဆေးပမာဏ ၁၀သန်းကျော် ထိုးနှံနိုင်မှုသည် အလွန် အရေးပါသော စွမ်းဆောင်မှုဖြစ်ဟု ဝန်ကြီးချုပ်မိုဒီ ဂုဏ်ပြု
သြဂုတ် ၂၇ ရက်နေ့က အိန္ဒိယနိုင်ငံမှာ တစ်ရက်အတွင်း ကိုဗစ်ကာကွယ်ဆေး ပမာဏ ဆယ်သန်းကျော် ထိုးနှံပေးနိုင်ခဲ့ပြီး နိုင်ငံအတွက် အခုလို စံချိန်တင်မှတ်တမ်းသစ် တင်နိုင်ခဲ့တာဟာ အလွန်အရေးပါတဲ့ စွမ်းဆောင်မှုဖြစ်တယ်လို့ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီက ဂုဏ်ပြုပြောဆိုခဲ့ပါတယ်။