မူးယစ်တရားခံအသတ်ခံရမှုတွင် အဓိကတာဝန်ရှိသူ ထိုင်းရဲမှူးဟောင်း၏ ကြွယ်ဝချမ်းသာမှုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့ စစ်ဆေးမည်
နခွန်ဆဝမ်ရဲစခန်းမှရဲမှူး တီတီဆန်အူသနာဖွန် ဦးဆောင်တဲ့အဖွဲ့က မူးယစ်တရားခံတစ်ဦးကို စစ်ဆေးမေးမြန်းစဉ် လက်လွန်သေဆုံးသွားမှုကို တော်ဝင်ထိုင်းရဲတပ်ဖွဲ့က ရက် ၃၀ အတွင်း အပြီးစစ်ဆေးမှာဖြစ်သလို ၊ ပုံမှန်ထက်ချမ်းသာနေတဲ့ ရဲမှူးအူသနာဖွန်ရဲ့ကြွယ်ဝချမ်းသာနေမှုကိုလည်း ထိုင်းအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (NACC) က စစ်ဆေးသွား မှာ ဖြစ်ပါတယ်။