ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချိုမြို့နယ် လားရှိုး-မန္တလေးသွား ကားလမ်း၊ အိုရီယမ်တယ် တိုးဂိတ်အနီး၊ နောင်ချိုမြို့အဝင် မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်မှာ ဩဂုတ် ၂၉ ရက် နံနက် ၆ နာရီခွဲ အချိန်ခန့်က ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။