ဇင်းကျိုက်မြို့တွင် Mask မတပ်သူ ဈေးသည်များ၊ဈေးဝယ်လာသူများနှင့် လမ်းသွားလမ်းလာများအား Test kit ဖြင့် စစ်ဆေးရာ COVID ကူးစက်ခံထားရသူ လေးဦးတွေ့ရှိ

ဇင်းကျိုက်မြို့တွင် Mask မတပ်သူ ဈေးသည်များ၊ဈေးဝယ်လာသူများနှင့် လမ်းသွားလမ်းလာများအား Test kit ဖြင့် စစ်ဆေးရာ COVID ကူးစက်ခံထားရသူ လေးဦးတွေ့ရှိ
Published 2 September 2021

ပေါင်မြို့နယ် ဇင်းကျိုက်မြို့မှာ စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက Mask မတပ်သူဈေးသည်များ ၊ ဈေးဝယ် လာသူများနဲ့ လမ်းသွားလမ်းလာများကို ပေါင်မြို့နယ် COVID-19 ကာကွယ်တားဆီးရေးကော်မတီရဲ့ Mobile Team မှ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်ကူးစက်ခံထားရသူ လေးဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။