COVID -19 ကာကွယ်ရေးဆိုင်ရာ ဆေးဝါးကုန်ကြမ်းများကို စက်တင်ဘာ ၁ ရက်မှစ၍ သွင်းကုန်လိုင်စင်လျှောက်ထားရန်မလိုဘဲ သုံးလယာယီဖြေလျှော့ပြီး တင်သွင်းခွင့်ပြု
COVID -19 ကူးစက်ပျံ့ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ပြည်တွင်းဆေးဝါးထုတ်လုပ်မှုကို အထောက်အကူပြုနိုင်စေဖို့ အတွက် ဆေးဝါးကုန်ကြမ်းအဖြစ်အသုံးပြုနေရတဲ့ ကုန်စည်တွေအနက် သွင်းကုန်လိုင်စင်လျှောက်ထားဖို့လိုတဲ့ ကုန်စည်လိုင်း တွေက ကုန်စည်လိုင်း ၉၂ လိုင်းကို စက်တင်ဘာ ၁ရက်ကနေစပြီး သွင်းကုန်လိုင်စင်လျှောက်ထားရယူဖို့မလိုဘဲ သုံးလယာယီ ဖြေလျှော့ပြီး တင်သွင်းခွင့်ပြုကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။