၎င်း၏နေရာကို ဆက်ခံရန် ကာကွယ်ဆေးဆိုင်ရာဝန်ကြီး တာရိုကိုနိုကို ဂျပန်ဝန်ကြီးချုပ် ထောက်ခံမည်
ရာထူးကနေ ထွက်ခွာတော့မယ့် ဂျပန်ဝန်ကြီးချုပ်ယိုရှိဟိဒဲဆူဂါဟာ သူ့ရဲ့နေရာကို ဆက်ခံမယ့်သူအဖြစ် နိုင်ငံလုံးဆိုင်ရာ ကာကွယ်ဆေးဖြန့်ဝေမှုတွေကို တာဝန်ယူထားတဲ့ အစိုးရဝန်ကြီး တာရိုကိုနိုကို ထောက်ခံသွားမယ်လို့ Nippon News Network သတင်းဌာနက စက်တင်ဘာ ၄ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။