အာဖဂန်နစ္စတန်အပေါ် အကူအညီပေးရေးဆိုင်ရာညီလာခံကို စက်တင်ဘာ ၁၃ ရက်တွင် ကုလသမဂ္ဂ ကျင်းပမည်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က သတိပေးထားတဲ့ အာဖဂန်နစ္စတန်ရဲ့လူသားချင်းစာနာမှု ဆိုင်ရာကပ်ဘေးကို ရှောင်လွှဲနိုင်ရေး ဝိုင်းဝန်းအကူအညီပေးဖို့အတွက် ကုလသမဂ္ဂဟာ နိုင်ငံတကာအကူအညီပေးရေးဆိုင်ရာ ညီလာခံကို ဂျီနီဗာမြို့မှာ စက်တင်ဘာ ၁၃ ရက်နေ့ ကျင်းပသွားမယ်လို့ သိရပါတယ်။