ထိုင်းဝန်ကြီးချုပ်ပရာယွတ် အယုံအကြည်မရှိအဆိုမှ လွတ်မြောက်
စက်တင်ဘာ ၄ ရက်နေ့က ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ အစိုးရအဖွဲ့ဝန်ကြီးငါးဦးတို့ဟာ ပါလီမန်မှာ ပြုလုပ်တဲ့ အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုကို အလွယ်တကူနဲ့ ကျော်ဖြတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။