အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်က တောင်းဆိုခဲ့
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် အာဆီယံအဖွဲ့က ခန့်အပ်ထားတဲ့ ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး (၂) အီရီဝမ်ယူဆော့ဖ်က မြန်မာနိုင်ငံကို လာရောက်ခွင့်ရရေး ကိစ္စရပ်နဲ့ပတ်သက်လို့ တပ်မတော်နဲ့ ညှိနှိုင်းဆွေးနွေးနေပါကြောင်းနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ပါ တောင်းဆိုထားကြောင်း စက်တင်ဘာ ၄ ရက်မှာ ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။