COVID-19 လူနာသစ် ၂၄၃၁ ဦး တွေ့ရှိပြီး ၉၇ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၁၆၀၀၀ ကျော် ရှိလာ
စက်တင်ဘာ ၆ ရက် ည ၈ နာရီမှ စက်တင်ဘာ ၇ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၅၁၁၅ ခုအား စစ်ဆေးရာတွင် ဓာတ်ခွဲ အတည်ပြုလူနာသစ် ၂၄၃၁ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၉၇ ဦး ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၇ ရက် ညပိုင်း သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။