NUG နှင့် RCSS အကြား နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ပဏာမ သဘောတူစာချုပ်မှာ အတုအယောင်ဖြစ်ပြီး သတင်းအမှားသာဖြစ်ဟု RCSS ထုတ်ပြန်
လူမှုကွန်ရက်တွင် ပျံ့နှံ့နေတဲ့ NUG နဲ့ RCSS အကြား နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ပဏာမ သဘောတူစာချုပ်မှာ အတုအယောင်ဖြစ်ပြီး သတင်းအမှားသာဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က သူတို့ရဲ့ ပြန်ကြားရေးသတင်းဌာနဖြစ်တဲ့ Tai Freedom မှတစ်ဆင့် စက်တင်ဘာ ၈ ရက်က ထုတ်ပြန်ရှင်းလင်းခဲ့ပါတယ်။