ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို တာဝန်ယူထားသည့်ဂျပန်ဝန်ကြီး တာရိုကိုနို ဝန်ကြီးချုပ်နေရာ ဝင်ပြိုင်မည်
ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ထိုးနှံရေးကိုတာဝန်ယူထားသူအဖြစ် ပြည်သူတွေအကြားရေပန်းစားတဲ့ ဝန်ကြီးတာရိုကိုနို ဟာ အာဏာရပါတီခေါင်းဆောင်နေရာအတွက်ရော၊ လစ်လပ်နေတဲ့ဝန်ကြီးချုပ်နေရာအတွက်ပါ ဝင်အရွေးခံမယ်လို့ စက်တင်ဘာ လ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။