မြောက်ကိုရီးယား နျူကလီးယား အရေးအတွက် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ ဆွေးနွေး အဖြေရှာမည်
အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ တာဝန်ရှိသူများသည် မြောက်ကိုရီးယား အရေးနှင့်ပတ်သက်ပြီး လာမည့် သီတင်းပတ်တွင် တိုကျိုမြို့၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားမည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက်တွင် အတည်ပြုခဲ့သည်။