ဖိလစ်ပိုင် မြောက်ပိုင်းသို့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်ခဲ့ပြီးနောက် ဓာတ်အားပြတ်တောက်မှုနှင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်
ဖိလစ်ပိုင်နိုင်ငံရဲ့ မြောက်ဘက်အကျဆုံး ကျွန်းစုဆီ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်ခဲ့ပြီးနောက် နေရာဒေသ တချို့မှာ ရေလွှမ်းမိုးမှုနဲ့ ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ကာ လူထောင်နဲ့ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ အာဏာပိုင်တွေရဲ့ အဆိုအရ သိရပါတယ်။