နှစ်ပတ်တာအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့သဖြင့် မြန်မာလုပ်သား ၁၀၀ ကျော်ဖမ်းဆီးခံခဲ့ရ
ထိုင်းနိုင်ငံဘက်ကို တရားမဝင်အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့တာကြောင့် နှစ်ပတ်အတွင်း မြန်မာလုပ်သား ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူများထံက သိရပါတယ်။