ဗဟိုဘဏ်၏ ဆောင်ရွက်ချက်များသည် နိုင်ငံခြားငွေကြေးဈေးကွက်၏ ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်ဖြစ်ပြီး ငွေလဲဈေးနှုန်းအား ဈေးနှုန်းတစ်ရပ်တွင် ရှိနေစေရန် ထိန်းသိမ်းထားခြင်းမဟုတ်ကြောင်း သတင်းထုတ်ပြန်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေဈေးပြိုင်လေလံမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၃၆ ဒဿမ ၈ သန်းကျော်ရောင်းခဲ့ခြင်းအပါအဝင်တခြားဆောင်ရွက်ချက်တွေမှာနိုင်ငံခြားငွေကြေးဈေးကွက်ရဲ့ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့သာ ဖြစ်ပြီး ငွေလဲဈေးနှုန်းအား ဈေးနှုန်းတစ်ရပ်တွင် ရှိနေစေရန် ထိန်းသိမ်းထားခြင်းမဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွ့ဲက ထုတ်ပြန်ပါတယ်။