ရန်ပြုခြိမ်းခြောက်လာမည့် အင်အားစုများကို ချေမှုန်းရန် မီးရထားမှ တင်ဆောင်ပစ်ခတ်သည့် ဒုံးလက်နက်စနစ်သစ်ကို စမ်းသပ်ခဲ့ဟု မြောက်ကိုရီးယား ပြောကြား
စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ ဒုံးကျည်ပစ်လွှတ်မှုမှာ မီးရထားမှ တင်ဆောင် ပစ်ခတ်သော ဒုံးလက်နက် စနစ်သစ်ကို စမ်းသပ်ခြင်းဖြစ်ကာ မိမိတို့နိုင်ငံအား ခြိမ်းခြောက်ရန်ပြုမည့် မည်သည့် အင်အားစုများကိုမဆို တန်ပြန်ချေမှုန်းရန် ရည်ရွယ်ခြင်း ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNC သတင်းဌာနက စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။