အတိုင်ပင်ခံပုဂ္ဂိုလ်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေများဖြင့် မန္တလေးတိုင်း တရားလွှတ်တော်တွင် စွဲဆိုထားသည့်အမှု များကို နေပြည်တော်ကောင်စီရှိ အထူးတရားရုံး၌ ပြောင်းလဲစစ်ဆေးမည်
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ စွဲဆိုထားတဲ့အမှုတွေကို နေပြည်တော်ကောင်စီမှာရှိတဲ့ အထူးတရားရုံးမှာ အောက်တိုဘာ ၁ ရက်မှာ စတင် စစ်ဆေးဖို့ ရုံးချိန်းချိန်းဆိုထားတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်၏အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။