ကျောက်မဲမြို့နယ်တွင် မိုင်းထိလူနာကို ဆေးရုံပို့ဆောင်ခဲ့သော လူမှုကူညီရေးအသင်းကား သေနတ်ပစ်ခတ်ခံရ
ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာမှ မိုင်းနင်းမိခဲ့တဲ့ ဒေသခံကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တဲ့ ဟူးကွက်လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဟာ အပြန်လမ်းမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး ကျေးရွာဥက္ကဋ္ဌနဲ့ ပရဟိတအသင်းဥက္ကဋ္ဌဖြစ်သူရဲ့ ပေါင်ကို ထိမှန်ခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။