စက်တင်ဘာလ ၄ရက်နောက်ပိုင်း COVID19 ကြောင့် နေ့စဉ်သေဆုံးသူ ၁၀၀ ဦးအောက်လျော့ကျလာပြီး စက်တင်ဘာလ ၁ရက်နေ့မှ ၂၀ရက်နေ့အထိ သေဆုံးသူ ၁၇၄၀ ဦးရှိ
မြန်မာနိုင်ငံမှာ စက်တင်ဘာလ၄ရက်နောက်ပိုင်း covid 19 ကြောင့်နေ့စဉ်သေဆုံးသူ ၁၀၀ ဦးအောက်လျော့ကျလာပြီး စက်တင်ဘာလ ၁ရက်နေ့မှ စက်တင်ဘာလ ၂၀ ရက်နေ့အထိ သေဆုံးသူ စုစုပေါင်း ၁၇၄၀ ဦးရှိပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။