ယူကရိန်းသမ္မတ၏ လက်ထောက်ကို သေနတ်သမားများက လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုဖြစ်ပွား

ယူကရိန်းသမ္မတ၏ လက်ထောက်ကို သေနတ်သမားများက လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုဖြစ်ပွား
Published 24 September 2021

စက်တင်ဘာ ၂၂ ရက်နေ့က ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်စကီရဲ့ အကြီးတန်း လက်ထောက်တစ်ဦး လိုက်ပါလာတဲ့ကားကို သေနတ်သမားတွေက မောင်းပြန်သေနတ် တွေနဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၎င်းလက်ထောက်ဟာ အဲဒီဖြစ်စဉ်ကနေ အသက်ရှင် လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။